|
အချိန်ရဲ့ ရွေ့ လျားနှုန်းက မည်သည့်အရာနှင့် ခိုင်းနှိုင်းရမည်ပင် မသိ၊ ဘာလိုလိုနှင့် လူဖြစ်ခဲ့သည်ပင် နှစ်တွေ မနည်း လှတော့ပေ။ ငယ်စဉ်ဘ၀ ဆိုတာကလည်း ပြန်မရနိုင်တော့ သလို၊ စာသင်ဘ၀ဆိုတာ ကိုလည်း ကျောခိုင်းခဲ့ရပြန်ပြီ။ ပျမ်းမျှသက်တမ်းကို ၆၀ သတ်မှတ် သည်ထား လူ့ဘ၀ရဲ့ ခရီးတစ်ဝက်ကို ရောက်လုနီးခဲ့ပြီ။ သို့သော်လည်းပဲ လူ့သက်တမ်းပြည့် နေနိုင် မနေနိုင် ဆိုသည်မှာ မည်သူကမှ ကြိုမသိနိုင်သည့် ကိစ္စ။
ငယ်ငယ်တုန်းက အပူအပင်မရှိ၊ ပျော်ပါး ဆော့ကစား၊ ကျောင်းသွားချိန်တန်သွား၊ ကစားချိန်တန်ကစား၊ စာကျက်ချိန် စာကျက် (ဒါလည်း တကယ်တမ်းတော့ ဟိုလိုလို ဒီလိုလိုနဲ့ တတ်နိုင်သလောက်တော့ ခိုကပ်ခဲ့သေးတာပဲလေ)၊ မည်သို့ပင်ဆိုဆို ငယ်စဉ်ဘ၀ဆိုသည်က တချို့ တချို့ သော လူ အနည်းစုမှ အပ လူတိုင်းလိုလိုရဲ့ ပျော်စရာ အကောင်းဆုံး အချိန် အပူအပင်အကင်းဆုံး အချိန် အပြစ်အနာအဆာ အကင်းဆုံး အချိန်တွေပင် မဟုတ်ပါလား။
|
ရူးသွပ်ခြင်း လှိုင်းတံပိုးအောက်မှာ ငတ်မွတ်ခြင်းတွေ ရှိတယ်…
တောင့်တခြင်း မီးလျှံအောက်မှာ မွန်းကျပ်ခြင်းတွေ ရှိတယ်…
မျှော်လင့်ခြင်း ခရီးကြမ်းအောက်မှာတော ဒုက္ခဆင်းရဲတွေ ရှိတယ်…
သို့သော်...
|
နေထိုင်ရတဲ့ဘ၀က ကျဉ်းသထက် ကျဉ်းလာတယ်...
ရွေးချယ်စရာ လမ်းက နည်းသထက် နည်းလာတယ်...
လျှောက်ဖို့ ခြေလှမ်းတွေက အားလျှော့သထက် လျှော့လာတယ်...၊
|