အပြောင်းအလဲများတဲ့ မိုးဝေ
အဓိက အကြောင်းအရာ ဘာတစ်ခုမှ မပြောင်းလဲ ခဲ့ပေမယ့် စတိုင်အသစ် မလိုင်အသစ်နဲ့ ဘလော့အသစ် ကလေးကတော့ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ မေဒေးနေ့မှာ စတင် ဖြစ်လိုက်ပြန်ပါပြီ။
တကယ်တော့ လှမယ် အထင်နဲ့ အပြတ် ကစ်ပလိုက်တဲ့ ပြီးခဲ့တဲ့ ဘလော့ဂ် ကလေးက တော်တော်လေး မှောင်မဲနေပြီး စာဖတ်လို့ မကောင်းတာကို နောက်မှပဲ သိလိုက် ရတာကြောင့် အခုလို အသစ်တစ်ခု ထပ်လုပ် ဖြစ်ခဲ့တာပါ။ အားခဲ ထားတာလည်း ကြာလှပါပြီ။ ဒီကြားထဲ အလုပ်ကလည်း တော်တော်လေး မအားဘူး ဖြစ်နေတာနဲ့ နောက်ပြီး ကိုယ်တိုင်ကလည်း အားမစိုက်ဖြစ်တာ (ပျင်းတာ)လည်း ပါတာပေါ့နော်... မလုပ်ဖြစ် မတင်ဖြစ်ခဲ့တာပါ။
ဟိုးအရင်ဆုံး စိတ်ကူး၊ အတွေး အိပ်မက်တွေနဲ့ နဲ့ စတင်ခဲ့တဲ့ ကျွန်တော့် အနေနဲ့ ဒီကြားထဲမှာ စတိုင်တစ်မျိုး သုံးဖြစ် ခဲ့ပါသေးတယ်။ အနီကို အားပြုတဲ့ အဲ့ဒီ ဒီဇိုင်းကို စိတ်ထဲ ရိုးလွန်းတယ်လို့ ခံစားမိတော့ နောက်ဆုံး တစ်မျိုး လုပ်ဖြစ် ပြန်ပါရော။ နောက်ဆုံး တစ်မျိုးဆိုတာက moewai.idealmyanmar.com ပါ။ အခုက တစ်ခါ နောက်တစ်မျိုး ဆိုတော့ အပြောင်းအလဲ များတဲ့ မိုးဝေလို့ပဲ ဆိုရတော့မှာပေါ့။
အခု အသစ်တင်ထားတဲ့ ဘလော့ဂ် အသစ်ကလေးက စတိုင်တွေ မလိုင်တွေ ဘာမှ သိပ်ပြီး မထည့် ရသေးပါဘူး။ ဒီစာကို ရေးရတာ ကလည်း အခု လာရောက်ကြတဲ့ (တကယ်က အတင်း ခေါ်ပြီး ကြည့်ခိုင်းတာပါ၊ ဘယ်သူမှ စိတ်ဝင်တစားရယ် မဟုတ်ပါဘူး.. ဟီး) သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းတွေကို အကြံဥာဏ်လေးများ ပေးခဲ့ကြပါလားလို့ ပြောချင်လို့ပါ။ ကျွန်တော့် ဘလော့ဂ် အသစ်လေးမှာ ညီအစ်ကို မောင်နှမတို့သာ ဆိုရင် ဘာကို ဘယ်လို လုပ်မယ်ပေါ့ဗျာ၊ ဒါမှ မဟုတ်ရင်လည်း ကျွန်တော့် အနေနဲ့ ဘာလုပ်သင့်သလဲ ဆိုတာကို ၀ိုင်းပြီး အကြံဥာဏ် ပေးကြပါလားဗျာ...
ကျွန်တော့်ရဲ့ အတိုင်ပင်ခံ အစ်မ ကာလာဘလိုင်း ကြီးကတော့ ဒီလိုပြောတယ်။ "Cbox ကြီး ဘာလို့ ထည့်မှာတုန်း" တဲ့... ကဲ. ပထမတော့ ကျွန်တော်က Cbox လေးကို သံယောဇဉ်နဲ့ ထည့်ထားတာပါ။ ဒါပေမယ့် သူက "Cbox ဆိုတာ လာလည်သွားပါတယ် ဆိုတာလောက် ရေးကြတော့ အဖိုးမတန်တော့ဘူး" တဲ့။ "နောက်ပြီး တကယ်ရေးချင်ရင် Comment မှာ ၀င်ရေးကြလိမ့်မယ်" တဲ့။ နောက်ဆုံးတော့ ကျွန်တော်လည်း သူ့စကားကိုပဲ နားထောင် လိုက်တော့တယ်။ အခု ကြည့်ကြည့်ပါလား.. ဘေးမှာ Cbox လည်း မရှိဘူး Shout Box လည်း မရှိဘူး။ ဘာဆို ဘာမှ မရှိတော့ဘူး။
တကယ်တော့ မနေ့က သူငယ်ချင်းကြီး ဇာရေ (ကိုဇေယျာ) က ဘေးမှာ Google ကပေးတဲ့ Comment Box တစ်ခု ထည့်ပေး ခဲ့ပါသေးတယ်။ ဒါပေမယ့် မန်ဘာဝင်ပြီးမှ ရေးလို့ရမှာရယ်၊ ကိုယ်တိုင်ကလည်း မန်ဘာထားရ လောက်အောင်လည်း ဘာမှ ဟုတ်တာလည်း မဟုတ်ဘဲနဲ့လို့ ခံစားရတာကြောင့် မန်ဘာကြီးရော အဲ့ဒါကြီးပါ၊ ဖြုတ်ပစ်ခဲ့တာပါ။ စင်္ကာပူကနေ မလေး ရောက်နေတဲ့ ဇာရေ.. ခွင့်လွှတ် ခွင့်လွှတ်..
ကဲ... အကျန်တွေ မဟုတ်တဲ့ အကြံကောင်းလေးတွေ ရေးခဲ့ပေးပါလားဗျာ..
မိုးဝေ
၁-၅-၂၀၀၉