Latest Comments

၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့

အချိန်က နံနက် လေးနာရီနဲ့ ငါးနာရီကြား၊ လူခြေတိတ်ချိန်လို့ ဆိုရမှာ ဖြစ်ပေမယ့် မိုးသံလေသံတွေ ခေါင်မိုးသွပ်ပြား လန်တဲ့အသံတွေ၊ မှန်ကွဲသံတွေ၊ တံခါးရွက် ရိုက်သံတွေ၊ အပင်ကို လေတိုးတဲ့ အသံတွေက အားလုံးပေါင်းပြီး တိတ်ဆိတ်ပါတယ် ဆိုတဲ့ ဆိုတဲ့ နံနက် အာရုဏ်ဦး အချိန်အခါလေး တစ်ခုမှာ ထင်တိုင်းကိုကျဲနေလေရဲ့...

သန်းခေါင် မတိုင်မီ ကတည်းက ဖြေးဖြေးနဲ့ မှန်မှန် အရှိန်တင်လာခဲ့တဲ့ လေပြင်းတွေက ထိုအချိန် အခိုက်အတန့်မှာပဲ ဘယ်မှ ညာသို့ ပြန်ပြောင်း တိုက်ခတ်လိုက်ချိန်ပေါ့.. အိမ်ရှေ့  ၀ရံတာ တံခါးကို အပြည့်မပိတ်ဘဲ မိုးတွေ လေတွေ ပက်နေတဲ့ကြားက တိုးဝှေ့ ရေအစိုခံပြီး လေတွေ မိုးတွေကို အားရပါးရ အထူးအဆန်းလုပ် ကြည့်နေမိတဲ့ ကျွန်တော် အလိုလို ခြေနှစ်လှမ်းလောက် နောက်ကို ဆုတ်ပြီး ထအော်လိုက်မိတယ် "ဟာ. သွားပြီ!" တစ်ဆက်တည်းမှာပဲ အိမ်ရှေ့  ၀ရံတာကို အပြေးထွက်ကြည့်လိုက်တော့ မှောင်မှောင်ထဲမှာပဲ မြင်လိုက်ရတဲ့ အရာတစ်ခုက ...

"မင်းဇော်ရေ.. သွားပြီ၊ ဟေ့ကောင် ဒီတစ်ခါတော့ တကယ်သွားပြီ" ဟု အိမ်ထဲက သူငယ်ချင်း မင်းဇော်ကို လှမ်းအော်ပြီး ပြောလိုက်မိတယ်။ သူက ဘာလဲလို့ ပြန်မေးလား မမေးလား မမှတ်မိတော့ပေမယ့် ကျွန်တော်ကတော့ အဲ့ဒီအချိန်မှာ "မင်းကားပေါ် စလောင်းပြုတ်ကျတာ တည့်တည့်ပဲ၊ ရှေ့ မှန်ကြီးပေါ် တည့်တည့်" ဟု ဆက်ပြော လိုက်မိတယ်။ ဟုတ်ပါတယ်။ အဲ့ဒီနေ့ အဲ့ဒီ အချိန်က အမှန်တကယ်ပဲ အိမ်ခေါင်မိုးပေါ်က စလောင်းတစ်ခု အောက်ခြေအထိုင် သစ်သားတန်းကြီးပါ အပါ အောက်ကို ဒိုင်ဗင်ထိုးဆင်း လာလိုက်တာ ကျွန်တော် မျက်စိရှေ့ ကနေ ရိပ်ကနဲ့ လှမ်းမြင်လိုက်ရပြီးကာမှ အောက်မှာ ရပ်ထားတဲ့ ဗင်ကားလေးရဲ့ ရှေ့ မှန်နဲ့ ခေါင်မိုးပေါ် တည့်တည့်မတ်မတ်ပင် စိုက်ကျခဲ့တာပါ။ လေးထပ်တိုက်ရဲ့ ခေါင်မိုးပေါ်က ကျလာတဲ့ အရှိန်ကြောင့် ကားရှေ့ မှန်နဲ့ အတူ ခေါင်မိုးပါ ပိန်လိန်သွား ပါလေရော။

အဲ့ဒီ ဒိုက်ဗင်သမား စလောင်းကြောင့် အိမ်က တယ်လီဖုန်းကြိုးပါ တစ်ခါတည်း ပြတ်ကျခဲ့ပြီး တခြားသူတွေနဲ့ အဆက်အသွယ်ပါ မရတော့ဘဲ မနက် မိုးစင်စင် လင်းခါနီးမှပဲ အမှောင်ထဲမှာ စိတ်ပျက်စွာနဲ့ အိပ်ပျော် သွားခဲ့လိုက်တာ...

မနက် နိုးလာတော့ ခပ်ရှင်းရှင်း ခပ်လင်းလင်းနဲ့ လေက အရှိန်မသတ် သေးပေမယ့် လူတစ်ချို့  လမ်းပေါ် အရဲစွန့်ပြီး သွားတာ တွေ့နေရပြီး တစ်ညလုံး တံခါးလုံအောင် ပိတ်ပြီး သိုးနေအောင် အိပ်နေပြီးကာမှ အလန့်တကြား နိုးလာပြီး အံ့သြနေကြတဲ့ မျက်နှာချင်းဆိုင်က အိမ်သူ အိမ်သား တစ်ချို့ ကိုလည်း လှမ်းမြင်ခဲ့ရပါတယ်။ တစ်ညလုံး ဖုန်းနဲ့ ဆက်သွယ်ပြီး မေးမြန်းသိခဲ့ ရသလောက်က အားလုံး အထိတ်တလန့်နဲ့ အထိနာခဲ့ကြပုံပဲ။ ဒါပေမယ့် တကယ်တမ်း လက်တွေ့ သိလိုက် ရတာကတော့ ကျွန်တော်တို့တတွေ အရဲစွန့်ပြီး လှည်းတန်း ရုံးရှိရာဘက်ကို ထွက်လာခဲ့ချိန် ကျမှပါ။

လှည်းတန်း ကုန်းကျော်တံတား ဘေးမှာ နေတဲ့ ကျွန်တော်တို့ အတွက် ကုန်တံတားဘေးမှာ လဲပြိုနေခဲ့တဲ့ သစ်ပင်ကြီးငယ် များစွာတို့ကြောင့် ကုန်းတံတား အပေါ်တက်ပြီး လှည်းတန်း မီးပွိုင့် ရှိရာဘက် သွားဖို့ ပြင်ခဲ့ကြပါတယ်။ တကယ်တမ်း ကုန်းပေါ် ရောက်တော့လည်း ဟိုဘက်ဒီဘက် ဘယ်ညာ စိုက်ပျိုးထားတဲ့ သစ်ပင် ကြီးငယ်မရွေး အကုန်လုံး တံတားပေါ် ကန့်လန့်ဖြတ် လဲပြိုနေကြပြီး လူတွေကတော့ အဲ့ဒီ သစ်ပင်တွေ ကြားကပဲ ခက်ခက်ခဲခဲ တိုးဝှေ့ ခဲ့ရပါတယ်။ လှည်းတန်း တစ်လျှောက်လုံးမှာလည်း သစ်ပင် ရှိသမျှ အားလုံးနီးပါးဟာ လဲပြိုနေခဲ့ပြီး တကယ့် တကယ်တမ်း ကြက်သီး ထလောက်အောင်ပင် ခံစားခဲ့ရတာကတော့ လှည်းတန်းမီးပွိုင့်အား လှမ်းမြင် လိုက်စဉ်မှာပါပဲ။

အရင်က တက္ကသိုလ်ဝင်းထောင့်က သစ်ပင် အုပ်ကြီးတွေကြောင့် ကြည့်လိုက်တိုင်း စိမ်းစိမ်းစိုနေတဲ့ လှည်းတန်း မီးပွိုင့်က အခုတော့ ကျက်သရေ လုံးဝမရှိတော့ဘဲ စုတ်ပြတ်သတ်ကာ အပင်တွေ အကုန်လုံးလဲပြို၊ တက္ကသိုလ် ရိပ်သာလမ်း တစ်လျှောက်လုံး လဲနေသည့် အပင်တွေနဲ့ အပြည့် စိတ်ထဲမှာ ခံစားလိုက်ရတာက အညာဒေသ တစ်ခုရဲ့ နွေဦး ခေါင်ခေါင်လို့ပဲ ပြောရမလား.. ဒါမှမဟုတ် ကမ်းခြေ တစ်ခုခုကို ရောက်ခါနီး မြင်ရတဲ့ ကျိုးတိုးကျဲတဲ တောအုပ်တွေလိုပဲ ဆိုရမလား မပြောပြ တတ်လောက်အောင်ပါပဲ။ ပြည်လမ်းမကြီး ပေါ်မှာကလည်း အပင်ပြို အပင်လဲတွေနဲ့၊ သြော် ရန်ကုန်မြို့ ဆိုတာ တောလုံးလုံးကို ဖြစ်သွားပါရောလား.. ရုံးပေါ်ရောက်တော့ ၁၀ထပ်ကနေ ကြည့်လိုက်တာ...

ကျွန်တော် မပြောတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာ အားလုံး သိကြပြီသားပါ။ ဒါပေမယ့် ဒီနေရာမှာ ဓာတ်ပုံလေးတွေနဲ့ တကွ ဖော်ပြပေးချင် ခဲ့ပေမယ့် စိတ်မကောင်းစွာဘဲ ဓာတ်ပုံ စီဒီ တစ်ချပ်လုံး ပျောက်သွားတာကြောင့် အခုလို စာနဲ့ပဲ ရေးဖြစ်ခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် အခုဆိုရင် တစ်နှစ်ပြည့် ခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ် ဒီအချိန်က စိတ်ပျက် အားငယ်စွာနဲ့ တစ်နေ့တစ်နေ့ တီဗီမှာ မတွေ့ချင်အဆုံး တွေ့မြင်ခဲ့ရတဲ့ မြန်မာပြည်သူ ပြည်သား အပေါင်းတို့ရဲ့ ဒုက္ခတွေဟာ အခုချိန်ထိတိုင် ပြန်တွေးလိုက်တိုင်း မြင်ယောင် နေဆဲပါပဲ၊ ကျွန်တော်တို့ ကြုံတွေ့ ခဲ့ရတာ တကယ်တမ်းဆို ဘာမှ မဟုတ်တဲ့ ဒုက္ခလေး တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ထက် အဆပေါင်းများစွာ ပိုဆိုးတဲ့ ဒုက္ခကြုံခဲ့ရတဲ့ လူထောင် ပေါင်းများစွာ ရှိနေပါသေးတယ်။ သူတို့တတွေ တစ်နှစ်တာ ကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အစစ အရာရာ ပြန်လည် ပြည့်စုံ ကြံ့ခိုင် နေကြပြီလား ဆိုတာကတော့...


မိုးဝေ
မေလ ၂ ၂၀၀၉

Comments (10)

Subscribe to this comment's feed
...
0
ကားဘေးက သရက်ပင်၊ အုန်းပင်တွေ ဘယ်တော့ကြိုး မလဲ စောင့်ကြည့်ရတာ အမော။ အပင်တွေကလဲ ကားခေါင်မိုးကို ထိကပါး ရိကပါးလုပ်တာက လွဲလို့ ဘာမှ ထိထိရောက်ရောက် မလုပ်ဘူး။ ပိန်းပါ့။
Zeyar , May 08, 2010 | url
...
0
@မိုမို

ဟီးဟီးဟီး ... ဟုတ်ပါ့ ဟုတ်ပါ့
Zeyar , May 08, 2010 | url
...
0
ကိုဇေယျာ တို့များ အမြင်ကပ် ပုဒ်မ နဲ့ ရုံးအောက် မာစီးဒီးကြီး ပေါ်ကို သရက်ပင် ကျိုးကျဖို့ မျှော်လင့်နေတာကို ပြန်သတိရမိပါရဲ့... :D
ဆင်ပုပ် , May 07, 2010
...
0
နောက် ၁ နှစ်ပြည့်ပြန်ဘီ ...
Zeyar , May 07, 2010 | url
...
0
တစ်နှစ်ပြည့်အမှတ်တရပေါ့လေ..။ ကောင်းပါတယ်.. ကိုမိုးဝေ..။
လဂွန်းအိန် , May 04, 2009 | url
...
0
ဖြတ်သန်းခဲ့ရတဲ့အချိန်တွေက အရမ်းကိုမြန်လွန်းပြီး
နောက်လာမယ့် အချိန်တွေက အရမ်းကိုနှေးကွေးတယ်း)
နှင်းပွင့်ဖြူလေး , May 02, 2009 | url
...
0
စာလာဖတ်သွားပါတယ် အကို။
သီဟသူ , May 02, 2009 | url
...
0
ကောင်းတယ်ဗျို့။ နာဂစ်အမှတ်တရကို တင်ပြပုံလေးကောင်းတယ်။ Cheers!
kjohn , May 02, 2009 | url
...
0
ဘာလိုလိုနဲ့တစ်နှစ်တောင် ပြည့်တော့မှာကိုး
ဖိုးချမ်း , May 02, 2009 | url
...
0
အထိအရှများခဲ့သူတွေအတွက် သတိတရလေး ရေးပေးလို့ ကျေးဇူးပါ ကိုမိုးဝေ.....
မျိုးမင်းဦး , May 02, 2009

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday16
mod_vvisit_counterYesterday34
mod_vvisit_counterThis week156
mod_vvisit_counterThis month376
mod_vvisit_counterAll19789

Who's Online

We have 2 guests online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...