စူးစူးရှရှ စိုက်ဝင်ခဲ့သည်
တဖန်
ဆိုးဆိုးဝါးဝါး ခံစားလိုက်ရပြီးသည့်နောက်
အလင်းမရှိတော့သည့် ဘ၀ထဲ တ၀ဲလည်လည်...
အရူးအမူး ပျော်ဝင်ခဲ့သည်
တဖန်
ပြင်းပြင်းပြပြ ပေးဆပ်လိုက်ရပြီးသည့်နောက်
ကမ်းမရှိတော့သည့် ပင်လယ်ထဲ တ၀ဲလည်လည်...
နံနက်ခင်း အလင်းတိုင်းက အားမာန်တွေ ဖြစ်ပေါ်စေခဲ့ပေမယ့်
နံနက်မိုးသောက်တိုင်းမှာတော့ မပျော်ပိုက်နိုင်ခဲ့သည့် ငါ...
လေပြေလေး တစ်ချက်ကြောင့် ကြည်နူးခဲ့ရဖူးပေမယ့်
ခံစားမိလိုက်ရတိုင်း နာကျင်ရသည့် ငါ...
မည်သည့်နွံမှာ နစ်နေရတာပါလိမ့်...
၂၀၀၉ မေလ ၄ရက်